Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပပြုလုပ်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၁၃

=============

          ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြစို့” ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားအား မေလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ တောင်ငူလမ်းနှင့် ဆေးရုံလမ်းထောင့်ရှိ မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားသို့  ရောက်ရှိလာခဲ့ရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/သူလေးများက ဘင်ခရာတီးခတ်ခြင်းနှင့် ပန်းပွားအက ကပြခြင်းတို့ဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်တို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြစို့” ဆိုင်းဘုတ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် အခမ်းအနားသို့ တက်ရောက် လာသည့် လူရည်ချွန်မောင်/မယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။