Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

တောင်ငူ အောက်တိုဘာ ၁၀

              ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

               ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ကေတုမတီ ရှေးဟောင်း ကျုံးမြောက်ဘက် ရေထုတ်ပြွန်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့သည်။

             ထို့နောက် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရှေးဟောင်းဘုတ်တလုပ်ရေကန် အဆင့်မြှင့်တင်ဖော်ထုတ်နေမှုနှင့် ကေတုမတီနန်းမြို့နှင့်နန်းတော်ရာဟောင်း တူးဖော်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး အနောက်ဘက်ကျုံးနှင့် တောင်ဘက်ကျုံး တို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် ကေတုမတီမြို့ဟောင်း ယိုးဒယားပေါက် ပြန်လည်ထိန်းသိမ်းထားရှိမှုနှင့် ပေါရိသာဒ် တံခါးပေါက်ရှေ့ ကျုံးရေပြင်အတွင်း  တူးဖော် ရရှိသည့် ရှေးဟောင်းကျုံးကူးတံတားဟောင်း၏ ကျွန်းတိုင်လုံးများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရည်စဉ်ဆက် မပြတ် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ရေလမ်းကြောင်းပိတ်ဆို့မှု မရှိစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူ မြို့နယ်၊ ကင်းဆိပ်ကျေးရွာအုပ်စု၌ တောင်ငူဘူတာသစ် တည်ဆောက်မည့်နေရာသို့ သွားရောက်ခဲ့ရာ ရှင်းလင်းဆောင်၌  စီမံကိန်းအင်ဂျင်နီယာက တောင်ငူဘူတာယာဒ်ဝန်းသစ် တည်ဆောက်ရေးနှင့် တောင်ငူ မြို့ရှောင် ရထားလမ်းဖောက်လုပ်နေမှု အခြေအနေအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ခပေါင်းခန်းမ ဘက်စုံအဆင့်မြှင့်တင်နေမှု သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။