Home / 2021 / June / 27

Daily Archives: June 27, 2021

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ပဲခူးမြို့ ရန်ကင်းသာပန်းခြံ တည်ဆောက် ပြုပြင်နေမှုအား ကြည့်ရှု

ပဲခူး ဇွန်၂၇ —————–         ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ(၂၇) ရက်နေ့ နံနက်ပိုင်းအချိန်က ကောင်စီဝင်(၂) ဦးတင်ဦး၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ ညွှန်ကြားရေးမှူး ဦးရဲထွဋ်တို့နှင့်အတူ ပဲခူးမြို့ ဟံသာဝတီရပ်ကွက်ရှိ ရန်ကင်းသာပန်းခြံ အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု ကြသည်။       ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့အား ရန်ကင်းသာပန်းခြံအဆင့်မြှင့်တင် ပြန်လည်တည်ဆောက်ရာတွင် တာဝန်ယူဆောင်ရွက် နေသည့် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။       ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် မြို့တော်ခန်းမတွင် ဖွင့်လှစ်ထားရှိသော ဖျားနာကုအခမဲ့ဆေးခန်းသို့လည်းကောင်း၊ ညဈေး ဖွင့်လှစ်မည့် ရုံးကြီးရပ်ကွက်၊ ပြည်တော်သာလမ်းအား လမ်းလယ်ကျွန်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား …

Read More »