Home / 2021 / June / 07

Daily Archives: June 7, 2021

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတို့ တွေ့ဆုံ

ပဲခူး ဇွန် ၆ =======================           ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး နှင့် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းတို့ တွေ့ဆုံပွဲအခမ်းအနားအား ဇွန်လ(၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုပေးခြင်း ဆောင်ရွက်ရာ တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး၊ လုပ်ငန်းများ လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးဒေသ သည် ရထားလမ်း၊ ကားလမ်းဆုံရာ မြို့တစ်ခုဖြစ်ခြင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းရှိခြင်း၊ အဓိကပင်လယ်ရေထွက်ပေါက်တစ်ခုဖြစ်သည့် …

Read More »