Home / 2021 / June / 08

Daily Archives: June 8, 2021

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇွန် ၈ ===============           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ (၈)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး စက်မှုဇုန်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီးအတွင်း တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ၊ တည်ဆောက်ရန်လျာထားသည့် စက်မှုဇုန် များအား စက်မှုဇုန်ဥပဒေနှင့်အညီ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ တချို့စက်ရုံ/အလုပ်ရုံများသည် စက်မှုစီးပွားဂရန် ရရှိထားခြင်းမရှိသဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ ဆုံးရှုံးလျက်ရှိ၍ စက်မှုမြေများအား စက်မှုစီးပွားဂရန် လျှောက်ထားထုတ်ပေးနိုင်ရေး စီမံချက်ရေးဆွဲပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းကာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စက်မှုဇုန်ဝင်/ထွက်လမ်း သန့်ရှင်းသာယာလှပစေရေးနှင့် ယခုနှစ်မိုးရာသီတွင် အရိပ်ရ သစ်ပင်များ စိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ စက်ရုံအလုပ်သမား ကြို/ပို့ မော်တော်ယာဉ်များ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ငါးမွေးမြူခြင်းဆိုင်ရာ အခြေခံဆေးထိုး သားဖောက်ခြင်း သင်တန်းသို့ တက်ရောက်ဖွင့်လှစ်

ပဲခူး ဇွန် ၈ ===================            ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် ငါးမွေးမြူခြင်းဆိုင်ရာ အခြေခံဆေးထိုးသားဖောက်ခြင်းသင်တန်းအား ကောင်စီအဖွဲ့ ဝင်များနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပြည်သူများ အနေဖြင့် စားဝတ်နေရေးအတွက် အဖြစ်မနေ လုပ်ကိုင်ကြရာမှာ GAqP နှင့်အညီ ဘေးကင်းလုံခြုံ သော အစားအစာများ ထုတ်လုပ်နိုင်မှသာ အန္တရာယ်ကင်းပြီး အဟာရပြည့်ဝ ဉာဏ်ရည်ပြည့်မီမှာ ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ရေချိုငါးများအား ရန်ကုန်စံပြငါးဈေးကွက် သို့ နေ့စဉ် တန်ချိန်(၁၀၀)ကျော်ခန့် ဖြည့်တင်းဆောင်ရွက်ပေးနေရသလို နေ့စဉ်လူတိုင်း ငါးစားသုံးမှု  တိုးတက်မြင့်မားလာသည်ကိုလည်း တွေ့ရှိနေရကြောင်း၊ ရေချိုငါးမွေးမြူရေးလုပ်ငန်းသည် ဈေးကွက်ခိုင်မာမှုရှိပြီး စီးပွားရေးအရ တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်၍ သင်တန်းသားများ အနေဖြင့် သင်ကြားမှုများအား အလေးအနက်ထားသင်ယူ၍ အရည်အသွေးပြည့်မီသော …

Read More »