Home / 2021 / June / 21

Daily Archives: June 21, 2021

တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူး ဇွန် ၂၁ ================ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ (၂၁)ရက်နေ့ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းအား တက်ရောက်ဖွင့်လှစ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရာသီအလိုက် ထွက်ရှိတဲ့ သီးနှံများအား တာရှည်ခံ တန်ဖိုးမြှင့် စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချခြင်း အားဖြင့် တပ်ဖွဲ့ဝင်မိသားစုများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွါးရရှိနိုင်မည်ဖြစ်ကြောင်း၊ COVID -19 ကပ်ရောဂါ ကာလအတွင်းဖြစ်၍ လက်ဆေးဆပ်ပြာ၊ Hand Gel ၊ Spary များ ထုတ်လုပ်ခြင်းကိုလည်း သင်ကြားပေးမည်ဖြစ်၍ အလွန်အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်သည့် အတွက် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ  တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရ …

Read More »