Home / 2021 / June (page 3)

Monthly Archives: June 2021

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး

ပဲခူး ဇွန် ၁ ==================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများလိုက်ပါလျက် ဇွန်လ(၁)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးမြို့တွင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းမှ ကျောင်းသား/သူများ စာသင်ကြားနေမှုအခြေအနေနှင့် စာသင်ခုံလိုအပ်ချက်များ တင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက စာသင်ခုံလိုအပ်ချက်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူ မိဘများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။           ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာ(၄)ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ တာဝန်ခံ …

Read More »