ပဲခူး နိုဝင်ဘာ ၁ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁) ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၁) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းလာသည့်အပြင် ပွင့်လင်းရာသီလည်း ရောက်ရှိလာပြီဖြစ်၍ တိုင်းအတွင်း ယခင်ကထက် ခရီးသွားများ ပိုမိုလာရောက်ကြမှာဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုး တက်လာနိုင်ပြီဖြစ်သဖြင့် တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့စွာ လာရောက်လည်ပတ် တည်းခိုနိုင်ရေးအတွက် ခရီးသွားလုပ်ငန်း နှင့် သက်ဆိုင်သော လုပ်ငန်းကဏ္ဍ အသီးသီးတွင် ကျန်းမာရေးနှင့်ပတ်သက်၍ လုံခြုံစိတ်ချမှုရှိစေဖို့ ကြိုတင်ပြင်ဆင်ပေးထားရန်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ခရီးစဉ်ဒေသတစ်ခုတည်းမှာ …
Read More »