Home / 2021 / November / 14

Daily Archives: November 14, 2021

တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက် ကြည့်ရှုစစ်ဆေး

ပြည် နိုဝင်ဘာ ၁၃ ================ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ပြည်မြို့အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး သီရိရတနာခန်းမ၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကာ ပြည်မြို့ အခြေခံပညာစာသင်ကျောင်းများအတွက် စာသင်ခုံ အစုံ(၄၀)၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းအတွက် သီးခြားထောက်ပံ့ငွေကျပ်(၁၀)သိန်းတို့အား ထောက်ပံ့ပေးခဲ့ရာ ပဲခူးတိုင်း အနောက် ခြမ်း တာဝန်ခံ တိုင်းပညာရေးမှူး ဒေါ်စန်းစန်းဝင်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ …

Read More »

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၃ ============== ပြည်မြို့၊ ခေတ္တရာရတနာမြို့တော်ခန်းမတွင် နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း (Volunteer) များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ခေတ္တဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများတို့၏ ကြိုးစားအားထုတ်မှု၊ ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှုတို့ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း (၂)%အောက် ကျဆင်းရခြင်းဖြစ်၍ ယခုလို ဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများတို့၏ အစီအစဉ်ဖြင့် အောက်စီဂျင်လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများနှင့် …

Read More »