Home / 2021 / November / 13

Daily Archives: November 13, 2021

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့အတွင်းရှိ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်တက္ကသိုလ်သို့ သွားရောက်၍ တွေ့ဆုံအားပေးစကားပြောကြား

ပြည် နိုဝင်ဘာ ၁၂ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၁၂)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့အတွင်းရှိ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်တက္ကသိုလ်သို့ သွားရောက်၍ ပညာရေး ဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ပြည်ပညာရေး ဒီဂရီကောလိပ်၊ ခေတ္တရာခန်းမသို့ သွားရောက်၍ မွမ်းမံသင်တန်း တက်ရောက်နေသည့် အခြေခံပညာဆရာ/ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး သင်တန်းတက် ရောက်နေသည့် အခြေခံပညာဆရာ/ဆရာမ(၁၀၇)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၁၄၀၀၀၀)၊ သဘက်အကြီး(၁၀၇)ထည်၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ပညာရေးဒီဂရီကောလိပ်အတွက် သီးခြားထောက်ပံ့ငွေကျပ်(၁၀)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်မှ ခေတ္တရာခန်းမ ဥပဓိရုပ် ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး သရုပ်ပြ၊ နည်းပြ …

Read More »