Home / 2021 / November / 19

Daily Archives: November 19, 2021

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များအတွက် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားအထောက်အကူပြုပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပဲခူး နိုဝင်ဘာ ၁၉ =========================== ‌           ပဲခူးမြို့၊ တိုင်းဒေသကြီးအားကစားခန်းမ၌ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသ ကြီးအတွင်း ကျန်းမာကြံ့ခိုင်ရေးနှင့် ကဏ္ဍအလိုက် အားကစားထူးချွန်သူများ ပေါ်ထွက်လာစေရေး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များအတွက် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစား အထောက်အကူပြု ပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူလူထုအတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ကောင်းမွန်ပြည့်စုံအောင် စီမံဆောင်ရွက်ပေးလျက်ရှိသလို အားကစားကဏ္ဍ ကိုလည်း ယခင်ကထက် ပိုမိုအားပေးပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး အတွင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အလားအလာရှိသော လူငယ် မျိုးဆက်သစ် အားကစားသမားများ ရှာဖွေလေ့ကျင့်ပေးပြီး ခရိုင်/မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှ တစ်ဆင့် တိုင်းဒေသကြီးလက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာအောင် လူရွေးချယ်ရေး …

Read More »