Home / 2021 / November / 26

Daily Archives: November 26, 2021

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ စည်ပင်သာယာရေးတာဝန်ရှိသူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၅ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက မြို့တိုင်းသန့်ရှင်းသာယာလှပစေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ စည်ပင်သာယာရေးတာဝန်ရှိသူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင်သာယာရေးအဖွဲ့သည် မိမိတို့၏ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် အခွန်ဘဏ္ဍာငွေပေါ် မူတည်ဆောင်ရွက်ရခြင်းဖြစ်၍ မြို့ပေါ်ရှိ အခွန်ပုံး၊ အခွန်ရှောင်သူများဖော်ထုတ်၍ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေ များရရှိအောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ တိုးတက်ရရှိမှသာ မြို့သန့်ရှင်းသာယာလှပ စေရေး ပိုမိုဆောင်ရွက်ပေးနိုင် မှာဖြစ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ဆောင်ချက်သည် မြို့၏သန့်ရှင်းသာယာလှပမှုပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိသည်ကို သတိချပ်စေလိုကြောင်း၊ စည်ပင်သာယာရေးလုပ်ငန်းအများစုသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆောင်ရွက်ရသည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်၍ ပြည်သူလူထုနှင့်ပူးပေါင်း ဆောင်ရွက်ခြင်းအား ဖြင့် စည်ပင်သာယာရေးလုပ်ငန်းများ …

Read More »