Home / 2021 / November / 25

Daily Archives: November 25, 2021

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၄ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နိုဝင်ဘာလ(၂၄)ရက်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) အစည်းအဝေးအား ကျင်းပပြုလုပ် သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဘက်ပေါင်း စုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အား များများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်ရသည့် တိုင်းဒေသကြီး တစ်ခုဖြစ်၍ သဘာဝမြေဩဇာစက်ရုံနှင့် တရိစ္ဆာန်အစာစပ်စက်ရုံများ တည်ဆောက်နိုင်ရေး ပြည်ပ လုပ်ငန်းရှင်များ  ဖိတ်ခေါ်၍ ဒေသတွင်းသို့ လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ …

Read More »

နှစ်စဉ်ရေကြီးနစ်မြှုပ်လျက်ရှိသည့် ရေတာရှည်မြို့နယ်၊ စကွေး(မရိုးခုံ)ကျေးရွာအုပ်စု၊ မရိုးခုံကျေးရွာ စနစ်တကျ ပြောင်းရွှေ့ နေရာချထားပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၄ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ နှစ်စဉ်ရေကြီးနစ်မြှုပ် လျက်ရှိသည့် ရေတာရှည်မြို့နယ်၊ စကွေး (မရိုးခုံ)ကျေးရွာ အုပ်စု၊ မရိုးခုံကျေးရွာ စနစ်တကျပြောင်းရွှေ့ နေရာချထားပေး နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း နှစ်စဉ် ရေကြီးနစ်မြှုပ်လျက်ရှိသည့် မရိုးခုံကျေးရွာ စနစ်တကျပြောင်းရွှေ့ နေရာချထားပေးနိုင်ရေး ဆောင်ရွက် ရာတွင် လိုအပ်သည့် ရွာမြေတိုင်းတာကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းသွားရန်၊ မြေနေရာများအား မြေညှိရှင်း လင်းခြင်း ဆောင်ရွက်သွားရန်၊ ပြောင်းရွှေ့မည့်မြေနေရာနှင့်ပတ်သက်၍ မြေတည်နေရာ၊ အကျယ် အဝန်း၊ ပုံသဏ္ဍာန် မြေပြင်အနေထားတို့အရ နေထိုင်ရန်အကွက်ချပုံစံ၊ အိုးအိမ်ဦးစီးဌာနနှင့် ကျွမ်းကျင်အင်ဂျင်နီယာများ ပူးပေါင်း ရေးဆွဲရန်၊ အိမ်အကွက်ချနှင့် ရွာတွင်းလမ်းများ အကွက်ရိုက် တိုင်းတာပေးရန်၊ …

Read More »