Home / 2021 / November / 20

Daily Archives: November 20, 2021

ပဲခူးမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၀ ==============      ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်ခန်းမဆောင်တွင် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။      ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးသူငယ်အခွင့်အရေးများကို ကလေးသူငယ်တိုင်း ခံစားရရှိအောင် ဆောင်ရွက်ပေးပြီး ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် ကလေးသူငယ်များအတွက်သာမက အနာဂတ်နိုင်ငံတော်အတွက် အကျိုးအမြတ်များစွာ ပြန်လည်ရရှိနိုင်သည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ ကလေးသူငယ်တို့အတွက် အကောင်းဆုံး အကျိုးစီးပွားရရှိစေရန် မိဘ၊ ဆရာ၊ ရပ်ရွာ၊ ဌာနဆိုင်ရာများ၊ ရပ်ရွာအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ NGOများနှင့် ပူးပေါင်းဆောင်ရွက်သွား ကြရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အကြိုလှုပ်မှု အားကစား ပြိုင်ပွဲများတွင် ဆုရရှိကြသော …

Read More »