Home / 2021 / November / 15

Daily Archives: November 15, 2021

တိုင်းဒေသကြီး ဝန်ကြီးချုပ် စည်ပင်သာယာရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ အဆင်ပြေချော့မွေ့စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်တလင်း နိုဝင်ဘာ ၁၄ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စည်ပင်သာယာရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ အဆင်ပြေချော့မွေ့စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အ.ထ.က(ပေါင်းတည်)သို့ သွားရောက်ခဲ့ပြီး ကျောင်းဝန်းအတွင်း စက်ဘီးရပ်နားရန်နေရာ၊ အ.ထ.က(မင်းကွက်)နှင့် အ.ထ.က(မြို့မ)ကျောင်းတို့အတွက် ကလေးကစားကွင်းများ တည်ဆောက်ရန် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နတ်တလင်းမြို့၊ ရွှေလင်းခန်းမသို့ ရောက်ရှိခဲ့ပြီး ခန်းမဘက်စုံပြန်လည်ပြုပြင်နိုင်ရန်နှင့် နတ်တလင်းမြို့မစျေးအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် စျေးတွင်းပတ်လမ်း ကွန်ကရစ်ခင်းနိုင်စေရေး သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့အား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာ၌ နွေစပါး စိုက်ပျိုးရေရရှိရေး ဆိုလာစနစ်အသုံးပြု၍ စမ်းသပ်ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းတော-မင်းလှ-အင်းဘုတ်ကုန်း-မိုးညိုလမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မိုးညိုမြို့၊ ပြည်သူ့ဆေးရုံဝန်းအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ …

Read More »