ပဲခူး နိုဝင်ဘာ ၁၁ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ(၁၁)ရက်နေ့က ပဲခူးမြို့အတွင်း အများပြည်သူ စိတ်လက်အပန်းဖြေရန် နေရာများ အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးလမ်းဘေးရှိ ရှေးဟောင်း သမိုင်းဝင်ဟံသာဝတီကျုံးပတ်လမ်း ပြန်လည်အဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူ စိတ်လက်အပန်းဖြေရန် နေရာတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆောက်မည့် လုပ်ငန်းကဏ္ဍတစ်ခုချင်းစီတိုင်း၌ ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်း၏တန်ဖိုး ထိခိုက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရန်၊ အလှပန်းပင်များ၊ မြတ်ခင်းများ၊ လမ်းမီး တိုင်များ၊ ထိုင်ခုံများ၊ ပန်းတင်ခုံများနှင့် လျှောက်လမ်းများစသည်တို့ကို သတ်မှတ်ထားသည့် Landscaping Design များအတိုင်း စနစ်တကျရှိစေရေး၊ ကျုံးအတွင်း ရေပြင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website