Home / 2022 / February (page 2)

Monthly Archives: February 2022

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၁ ===============       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ သက်ကြီးဘောလုံးပွဲစသည့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ ဟင်္သာတင်းနစ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တင်းနစ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန် ဝင်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကြည့်ရှု့အားပေးခဲ့ကြသည်။ ထို့နောက် ဆုချီးမြင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပထမဦးစွာ သမီးငယ်လေး များက အေရိုးဗစ်သရုပ်ပြ အကများဖြင့် ကပြဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဝန်ကြီးများ ဥပဒေချုပ် ဦးခင်မောင်တင့်၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အားကစား ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက …

Read More »

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် ပြခန်းများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၀ ================ ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၁၀) ရက်နေ့၊ နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် ပြခန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြ သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဌာနီသီချင်းဖြင့် ကပြဖျော်ဖြေနေမှု အား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် (၄)ခုတို့မှ ဒေသထွက် သစ်သီးဝလံပန်းမန် ပြိုင်ပွဲဝင် သစ်သီးဝလံပန်းမန်များ ခင်းကျင်းပြသထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာ၏ ပြခန်း(၁၆)ခန်းနှင့် တိုင်းရင်းသား အစားအစာ အရောင်းပြခန်း (၂၄)ခန်းတို့အား …

Read More »

အိမ်သုံးအလှကုန်နှင့် မုန့်အမျိုးမျိုး ထုတ်လုပ်သည့် သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဖေဖော်ဝါရီ ၉ ===========================           ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဖေဖော်ဝါရီလ(၉) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် အိမ်သုံးအလှကုန်နှင့် မုန့်အမျိုးမျိုး ထုတ်လုပ်သည့် သင်တန်းဆင်းပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သနပ်ခါးပေါင်ဒါ၊ သနပ်ခါးခဲ၊ Lotion ၊ Hearbal Shampoo ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာများ သင်ကြားပေးခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် မိသားစုများအား တစ်ဘက်တစ်လမ်းမှ ဝင်ငွေတိုးတက် ရရှိစေရန်၊ ကိုယ်ပိုင်လုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သင်ကြားပေးရခြင်းဖြစ ်ကြောင်း၊ သင်တန်းသူ များအနေဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၃၅)ကြိမ်မြောက် သာမဏေကျော်လင်္ကာရစာမေးပွဲ ဝင်ရောက်ဖြေဆို နေကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပဲခူး ဖေဖော်ဝါရီ ၈ =============       ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးနှင့် ရွှေမော်ဓောဘုရားရင်ပြင်တော်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံတို့တွင် ဖေဖော်ဝါရီလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူး)အသင်းကြီးမှ ကြီးမှူး၍ (၃၅)ကြိမ်မြောက်  သာမဏေကျော်လင်္ကာရစာမေးပွဲတွင် ဝင်ရောက်ဖြေဆို နေကြသော ရဟန်း၊သာမဏေ၊သီလရှင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူး)အသင်းကြီးမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ  (၃၅)ကြိမ်မြောက်  သာမဏေကျော်လင်္ကာရစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနေကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ရေးဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ကြီးကြပ်ရေး ဆရာတော်များအား ဖူးမြော်ကန်တော့ခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားအတွက် ဝတ္ထုငွေကျပ်သိန်း(၃၀)အား ဆက်ကပ်လှူဒါန်းခဲ့ကာ …

Read More »

ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၇ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၂)အား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (Mini Budget) သည် (၁)လကျော်သာ ကျန်ရှိတော့သဖြင့် ဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချက်စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသ ကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အိုမီခရွန် ရောဂါပိုးတွေ့ရှိမှုများရှိလာပြီဖြစ်၍ ညွှန်ကြားထား သည့်အတိုင်း Community Based Facility Quarantine (CBFQ)  ဆောင်ရွက်မည့်နေရာများ အသင့်ပြင်ဆင်ထားရန်နှင့် စေတနာ့ဝန်ထမ်းများ ကြိုတင်စုစည်းထားရှိရန် ၊ ရပ်ကွက်/ကျေးရွာ အလိုက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာ ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားရန်နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများလည်း …

Read More »

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးငြှိမ်းသတ်ယာဉ်များ လွှဲပြောင်းပေးအပ်

ပဲခူး ဖေဖော်ဝါရီ ၅ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးငြှိမ်းသတ်ယာဉ်များ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မီးငြှိမ်းသတ်ယာဉ်(၄)စီးနှင့် မီးသတ် ရေသယ်ယာဉ် (၁)၊ စုစုပေါင်း(၅)စီးအား ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မီးငြှိမ်းသတ်ယာဉ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများအား နှစ်စဉ်ရန်ပုံငွေလျာထား ဝယ်ယူပေးလျက်ရှိကြောင်း၊ မီးသတ်စခန်းများတွင် လူအသင့်၊ ယာဉ်/စက်အသင့်၊ ဆီအဆင့်၊ ရေအသင့် ရှိရန်လိုအပ်သလို မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင်ခြင်းများလည်း စဉ်ဆက်မပြတ် လေ့ကျင့် နေရန်လိုအပ်ကြောင်း၊ ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း နည်းပညာများနှင့် ကျွမ်းကျင်မှု …

Read More »

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၅ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၄) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)အား Online Zoom Meeting System  ဖြင့် ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါ အသွင်ပြောင်း အိုမီခရွန်သည် ယခင်က ပြည်ပပြန်များတွင်သာ တွေ့ရှိရပြီး ယခုအခါ ပြည်တွင်းကူးစက်မှုတွေ့ရှိ ဖြစ်ပွားလျက်ရှိကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းများအတိုင်း လိုက်နာသွားရန်၊ အဓိကအားဖြင့် လူစုလူဝေးဖြစ်သည့် စက်ရုံများ လိုက်နာမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေးရန်၊ ဈေးများ၊ ဘဏ်များ၊ လျှပ်စစ်မီတာဆောင်သည့်နေရာများ၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသလမ်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ ဖေဖော်ဝါရီ ၄ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း ဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဖေဖော်ဝါရီလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသလမ်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊ ဟိန္ဒူဘုရားရှိခိုးကျောင်းသို့ ရောက်ရှိခဲ့ပြီး ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာမျးနှင့် ပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဘက်စုံပြုပြင် မွန်းမံနိုင်ရေး တာဝန်ရှိသူများထံ ကျပ်(၁၀)သိန်းအား လှူဒါန်းခဲ့သည်။၎င်းနောက် မင်းလှမြို့နယ် သစ်တော ဦးစီးဌာန၏ ရွှေဝါမြိုင် ပျိုးဥယျာဉ်သို့ ရောက်ရှိခဲ့ရာ ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ မန်ဂျန်ရှားနှင့် အခြားနှစ်ရှည်ပျိုးပင်ပေါင်း (၁၂၀၀၀၀)ပင် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်စဉ်သစ်ပင် စိုက်ပျိုးပွဲတော်များအတွက် သာမက ပြင်ပပုဂ္ဂလိကများသို့လည်း ဖြန့်ဖြူးပေးနိုင်ရေး တိုးချဲ့ ပျိုးထောင်ထား ရှိရန်နှင့် …

Read More »

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့နယ်အတွင်း လမ်း များနှင့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁ ===============================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့နယ်အတွင်း လမ်းများနှင့် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်ရှိ လမ်းဖွင့်ပွဲနေရာသို့ ရောက်ရှိလာရာ တိုင်းရင်းသား အကြီးအကဲတစ်ဦးမှ ကရင်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ပေးခဲ့ပြီး ဘုရားသုံးဆူအဝင်လမ်း ဂဝံရောမြေခင်းခြင်းနှင့် ကရင်စုလမ်းသွယ်(၃)လမ်း ဂဝံရောမြေ ခင်းခြင်း ဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပဲခူးမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၊ အမှုဆောင်အရာရှိက လမ်းတည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ရပ်ကွက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးမှ လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံအား ပေးအပ်ခဲ့သည်။ ၎င်းနောက် …

Read More »

ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁ =============      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီပံ့ပိုးလမ်းညွှန်မှု၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ‌ကော်မတီမှ အနီးကပ်ကြီးကြပ်မှုဖြင့် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ ပြုလုပ်သည်။       (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် အမျိုးသားများအား ပဲခူးမြို့အဝင် တိုးဂိတ်မှလည်းကောင်း၊ အမျိုးသမီးများ ပဲခူးတက္ကသိုလ်ရှေ့ မြို့ရှောင်လမ်း၊ လမ်းဆုံမှလည်းကောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးခင်မောင်တင့်မှ တာလွှတ်ပေး ခဲ့ပြီး မီနီမာရသွန်အမျိုးသား၊ အမျိုးသမီးအား ကစားသမားများမှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားကွင်းရှေ့အထိ ယှဉ်ပြိုင်ပြေးရာ ပြေးလမ်းတစ်လျှောက် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများနှင့် ပြည်သူများကလည်းကောင်း၊ ပန်းဝင်မည့်နေရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ …

Read More »