Home / 2022 / April / 18

Daily Archives: April 18, 2022

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၈ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၇)ရက်နေ့ ညပိုင်းတွင် ပဲခူးမြို့၊ ဆေးရုံ ဟောင်းလမ်းပေါ်ရှိ နှစ်ဦးတရားအလှူဓမ္မသဘင် မဏ္ဍပ်၌ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် ပွဲကျင်းပပြုလုပ်သည်။         ရှေးဦးစွာ သာသနာ့ဇောတိကစာသင်တိုက်မှ ဘဒ္ဒန္တဇနိတ(သာသနာ့ဓဇ ဓမ္မာစရိယ၊ မဟာဂန္ထဝါစက ပဏ္ဍိတ)ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူပြီး ဝန်ကြီးချုပ် အမှူးပြုသော တရားနာ ပရိတ်သတ်များမှ တရားတော်နာယူ၍ ဓမ္မပူဇာအလှူငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲအား ဧပြီလ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧပြီလ(၁၈)ရက်နေ့တွင် ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမ‌ဏေကျော်တက္ကသိုလ် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥက္ကံသာလင်္ကာရ(ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယဝိဒူ၊ M.A, PHD)မှလည်းကောင်း၊ ဧပြီလ(၁၉)ရက်နေ့တွင် သာသနာ့မဏ္ဍိုင်ပါဠိ တက္ကသိုလ်ကျောင်းတိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တသုန္ဒရ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီး ဘိုးဘွားများအား ပူဇော် ကန်တော့ပွဲ ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၇ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၂ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်က ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးမြို့၊ ဥဿာဂေါက်ကွင်းအတွင်းရှိ သဘာဝရေပြင်၌ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ငါးမြစ်ချင်း၊ ငါးကြင်း ရွှေဝါ၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ(၁၅၀၀၀၀)အား သဘာဝရေပြင်အတွင်းသို့ လွှတ်ပေးခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ပဲခူးမြို့ပေါ် ရပ်ကွက် (၃၁)ရပ်ကွက်နှင့် သပြေကုန်း ဘိုးဘွားရိပ်သာတို့မှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »