Home / 2022 / April / 11

Daily Archives: April 11, 2022

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၀ ============== ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံတွင် ဧပြီလ(၁၀)ရက်နေ့ ညနေပိုင်းအချိန်က ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များမှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့ဝင်များက ဗုဒ္ဓပူဇနိယပွဲတော်အဖွင့် အောင်ဂါထာဖြင့်ပူဇော်ကာ  သမ္မာဒေဝနတ်များ ပင့်ဖိတ်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များက ဩဝါဒါစရိယ ဆရာတော်ထံမှ ငါးပါးသီလနှင့် ဩဝါဒကထာနာယူပြီး …

Read More »

ပဲခူးမြို့တွင် ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

ပဲခူး ဧပြီ ၁၀ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့တွင် ၂၀၂၂ခုနှစ် မဟာသင်္ကြန် ပွဲတော်အား လမ်းလျှောက်သင်္ကြန်အပါအဝင် စည်းကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။        အဆိုပါသင်္ကြန်ပွဲတော် သင်္ကြန်အကြိုနေ့ ဧပြီလ(၁၃)ရက်နေ့တွင် ဗဟိုမဏ္ဍာပ်၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများဖြင့် ကပြဖျော်ဖြေ ကြမည်ဖြစ်သည့်အပြင် သင်္ကြန်အကြို၊ အကျ၊ အကြပ်၊ အတတ်နေ့များတွင် သင်္ကြန်ယိမ်းအကဖွဲ့(၂၅)ဖွဲ့ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေကပြကြမည်ဖြစ်ပြီး ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့တွင် ပိတ်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်သည်။          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဗဟိုမဏ္ဍာပ်၌ သင်္ကြန်ကာလအတွင်း စတုဒီသာအနေဖြင့် (ထမင်း+ဟင်း)တို့ကို နေ့စဉ်တစ်နေကုန် ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ(၈)ခုတို့မှလည်း လမ်းလျှောက်သင်္ကြန်မဏ္ဍပ် များ၌ ရေပက်ကစားခြင်း၊ နေ့စဉ်စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်ပေးသွားကြမည်ဖြစ်သည်။        ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေကပြကြမည့် …

Read More »