Home / 2022 / April / 20

Daily Archives: April 20, 2022

ကရင်(စကော)တိုင်းရင်းသားဘာသာ သင်ကြားရေး ဆရာ/ဆရာမများအတွက် နွေရာသီအဆင့်မြှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၀ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကရင်(စကော)တိုင်းရင်းသား ဘာသာ သင်ကြားရေး ဆရာ/ဆရာမများအတွက် နွေရာသီအဆင့်မြှင့် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားအား ဧပြီလ (၁၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အတွင်း တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ အသင်းအဖွဲ့များ၏ ကူညီမှုဖြင့် အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားလူမျိုးအလိုက် တိုင်းရင်းသားဘာသာ သင်ကြားရေး ဆရာ/ဆရာမများ ခန့်ထားနိုင်ခဲ့ပြီးဖြစ်သလို ခန့်အပ်ထားသည့် ဆရာ/ဆရာမများ၏ အရည်အသွေးများ အမြဲတမ်းထက်မြတ်စေရေး ယခုလို အဆင့်မြှင့်မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ကယား၊ ကရင်၊ အရှိုချင်း၊ ပအိုဝ်း၊ ရှမ်း၊ မွန်၊ ရခိုင် စသည့် တိုင်းရင်းသားများစွာ နေထိုင်ကြသည့်အနက် ကရင်(စကော) တိုင်းရင်းသားများဟာ တိုင်းဒေသကြီးအနှံ့အပြားတွင် အခြား တိုင်းရင်းသားများထက် …

Read More »