Home / 2022 / April / 30

Daily Archives: April 30, 2022

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး ဧပြီ ၃၀ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်း ရေးပြုလုပ်ခြင်းအား ဧပြီလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရေစီး ရေလာ ကောင်းမွန်စေရေး လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများ ပြန်လည် အဆင့်မြှင့်တင်ရန်၊ ကွန်ကရစ်ပန်းခုံများ လမ်းဘေးဝဲ/ယာ တစ်ညီတစ်ညာတည်း ဖြစ်စေရေး ဆောင်ရွက်ရန်၊ လမ်းအလိုက် အမှိုက်ကန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိစေရေးနှင့် ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်စေရေး အသိပညာပေးရန်နှင့် အမှိုက်သိမ်းဆည်းမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ …

Read More »

ပူပြင်းခြောက်သွေ့သည့် ရာသီဥတုရောက်ရှိပြီဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မြို့/ရွာ သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ပဲခူး ဧပြီ ၂၉ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအစည်းအဝေး (၃/၂၀၂၂)အား ဧပြီလ(၂၈) ရက်နေ့၊ နံနက်ပိုင်းက Zoom Meeting  System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပူပြင်းခြောက်သွေ့သည့် ရာသီဥတုဖြစ် သည့်အတွက် မီးဘေးအန္တရာယ်၊ လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်း ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စစ်မီးအန္တရာယ်စသည်တို့ကို အထူးဂရုပြုရမည်ဖြစ် ကြောင်း၊ ဌာနဆိုင်ရာ ရုံးတွင်း/ရုံးပြင်၊ မြို့တွင်း/ မြို့ပြင်၊ ကျေးရွာတွင်း/ ကျေးရွာပြင် စနစ်တကျ အမှိုက်စွန့်ပစ်ရန်၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများရှင်းလင်းထားရန်နှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ရေရှားပါးသည့် ကျေးရွာဒေသ များ၌ ရေချိုထိန်း သောက်သုံးရေကန်များ ပြန်လည်တူးဖော်ခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်၍ စုစည်းတင်ပြပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် ကြွေးကျန်များ …

Read More »