Home / 2022 / April / 23

Daily Archives: April 23, 2022

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ဝေါ ဧပြီ ၂၃ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဝေါ-ကြာလဟာ-ဦးမိုးစုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည် အသွေး ကောင်းမွန်စေရေးနှင့် လမ်းပုခုံးသားများ ဂဝံအမာခံရရှိရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည် လုံခြုံရေးနှင့်စစ်ဆေးဂိတ်အား သွားရောက်ကြည့်ရှုစစ်ဆေး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ တရားမဝင်ကန့်သတ်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေး၊ တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ် ဝင်ရောက်မှုမရှိစေရေးနှင့် …

Read More »