ပဲခူး ဧပြီ ၁၉ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၇)ရက်နေ့ ညပိုင်းအချိန်မှစတင်ပြီး ဧပြီလ(၁၉)ရက်နေ့အထိ (၃)ညတိုင်တိုင် ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ နှစ်ဦးတရားအလှူဓမ္မသဘင် မဏ္ဍပ်၌ မြန်မာ နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပပြုလုပ်သည်။ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပပြုလုပ်ရာ ဧပြီလ(၁၇)ရက် (ပထမနေ့)တွင် သာသနာ့ဇောတိက စာသင်တိုက်မှ ဘဒ္ဒန္တဇနိတ (သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ) ဆရာတော်မှ နှစ်သစ် ဆုတောင်းတရားခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဧပြီလ(၁၈)ရက်နေ့ (ဒုတိယနေ့) တွင် ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥက္ကံသာလင်္ကာရ (ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယဝိဒူ၊ M.A, PHD)မှ ကောင်းကျိုး(၇)ဖြာ တရားခေါင်းစဉ်ဖြင့် လည်းကောင်းဟောကြားခဲ့ပြီး ဧပြီလ(၁၉)ရက်(တတိယနေ့)တွင် သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တသုန္ဒရ(သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစက ပဏ္ဍိတ)မှ တရားရေအေးအမြှိုက်ဆေးများ ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနှစ်သစ်ကူးတရားအလှူတော် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website