Home / 2022 / December / 02

Daily Archives: December 2, 2022

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆိုလာရေတင်စက်(၃)စုံအား ထောက်ပံ့ပေးအပ်

တောင်ငူ ဒီဇင်ဘာ ၂ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ(၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ နေပူကုန်းရပ်ကွက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၉.၆၉၃)သန်းဖြင့် အရှည်(၁၂၀၀)ပေ၊ အကျယ်(၁၂)ပေရှိ နေပူကုန်းလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပခုံးသားများ အမာခံရရှိရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး အရည်အသွေးကြီးကြပ်စစ်ဆေးရေးအဖွဲ့ (QC) များဖြင့် စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေပူကုန်းရပ်ကွက်ရှိ တောင်ကြီးမောင် အဆင့်မြင့်မုန့်တီခြောက်ထုတ်လုပ်သည့်လုပ်ငန်းနှင့် ချမ်းသာသုခ သီဟိုစေ့ပေါင်းခံထုတ်လုပ်သည့် စက်ရုံ များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ၊ စက်ရုံတာဝန်ရှိသူများက ကုန်ကြမ်းစုဆောင်းထားရှိမှု၊ ကြိတ်ခွဲမှု၊ သန့်စင်မှု၊ အရွယ်အစားရွေးချယ်မှု၊ အခြောက်ခံပေါင်းခံမှုနှင့် ထုတ်ပိုးမှုအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြ ခဲ့ရာ …

Read More »