Home / 2022 / December / 07

Daily Archives: December 7, 2022

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာသို့ အရင်းမပျောက်မတည်ငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ငွေကျပ်သိန်း(၃၀၀)ထောက်ပံ့ပေးအပ်

ပဲခူး ဒီဇင်ဘာ ၇ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့နယ်၊ရွာသစ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ငှက်ပျောပင် မှထွက်ရှိသောပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြို့ပြနှင့်ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကဏ္ဍကျဉ်းမြောင်းစေရေး အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်ပူးပေါင်း၍ ပြည်သူ များ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဒေသထွက်ကုန် များအပေါ်အခြေခံပြီး ယခုလို အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူ/ သင်တန်းသားအနေဖြင့် ဒေသထွက်ကုန်ဖြစ်သော ငှက်ပျောပင်မှ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများနှင့် တန်ဘိုးမြှင့်ထုတ်ကုန်ပစ္စည်း ရရှိအောင် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။           ထို့နောက် …

Read More »