Home / 2022 / December / 10

Daily Archives: December 10, 2022

ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား/ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၀ ==========            (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါ အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ် မှ အမျိုးသား အားကစားသမား(၉၁၅)ဦး၊ အမျိုးသမီး အားကစားသမား(၃၁၂)ဦး၊ စုစုပေါင်း (၁၂၂၇)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အမျိုးသားမီနီမာရသွန်ပြိုင်ပွဲအား ပဲခူးမြို့အဝင်(တိုးဂိတ်)မှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားကွင်းအရှေ့အထိလည်းကောင်း၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား ပဲခူးတက္ကသိုလ် အနီး၊ မြို့ရှောင်လမ်း၊ ဘုရင့်နောင်ရုပ်ထုရှေ့မှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီး အားကစားကွင်း အရှေ့အထိလည်းကောင်း ယှဉ်ပြိုင်ပြေးကြရာ တိုင်းဒေသကြီး ဥပဒေချုပ်မှ ခရာမှုတ်၍ စတင်တာလွှတ် ပေးခဲ့သည်။           မီနီမာရသွန်ပြိုင်ပွဲဝင်ကြသည့် အားကစားသမားများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ …

Read More »