Home / 2022 (page 9)

Yearly Archives: 2022

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၁၆ ======================           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိ သူများလိုက်ပါလျက် စက်တင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။    ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ကျိုက်လှ ကျေးရွာအုပ်စုရှိ တောင်သူ(၁၁)ဦးပိုင် တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀) စပါးမျိုး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် အတွင်း မျိုးကွဲနုတ်ပယ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးမည့် တောင်သူများ၊ မျိုးစပါးနှင့် စံပြကွက်စိုက်တောင်သူများအတွက် ဓာတ်မြေ ဩဇာ အမြန်ဆုံးခွဲဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ကျွဲ/နွားနှင့် ဒေသကြက်မွေးမြူသူများအတွက် တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက် အစားထိုးသုံးစွဲနိုင်ရေးအတွက် နေဗီယာမြက် စိုက်ပျိုးနည်း အသိပညာပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ပုကိုင်တာပေါ်ရှိ တိုင်းဒေသကြီး …

Read More »

၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၅ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၅) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင် သာယာရေးလုပ်ငန်းများသည် အခွန်အကောက်ရငွေများပေါ် မူတည်၍ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ငွေများ အပြေအကြေကောက်ခံရရှိစေရေး၊ အခွန်ငွေများနှင့်ပတ်သက်၍ အလွဲသုံးစားမှုမရှိစေရေးနှင့် အခွန်နှုန်းထားများအား ခေတ်ကာလနှင့် ကိုက်ညီသည့် အခွန်နှုန်းထားများ ဖြစ်ရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် အခွန်ငွေများ တိုးတက်ရရှိရေးအတွက် အခွန်ပုံး၊ အခွန်ရှောင်များ ဖော်ထုတ်ကောက်ခံသွားရမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့သည် ပြည်သူ့လူထုနှင့်တိုက်ရိုက် ထိတွေ့ ဝန်ဆောင်မှုပေးရသည့်ဌာနတစ်ခုဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့၏ လုပ်ဆောင်မှုတိုင်းသည် အစိုးရ၏ပုံရိပ်ဖြစ်သည်ကို သတိချပ်ရမှာဖြစ်ကြောင်းနှင့် ယဉ်ယဉ်ကျေးကျေး ပြေပြေပြစ်ပြစ် ဆက်ဆံကြရမှာဖြစ်ကြောင်း၊ ဌာနပိုင်မြေနေရာများနှင့်ပတ်သက်၍ ကျူးကျော်မှုမရှိစေရေးနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၄ ===========          ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်ဘောလုံးအားကစားကွင်း၌ စက်တင်ဘာလ(၁၃)ရက်နေ့ ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ၂၀၂၂ခုနှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။          ရှေးဦးစွာ ပဲခူးခရိုင်အသင်းနှင့် ညောင်လေးပင်ခရိုင်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှု့အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ ကြည့်ရှု့အားပေးကြရာ ပဲခူးခရိုင် အသင်းမှ(၅:၃)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။          ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျောက် အကောင်းဆုံး ဂိုးသမားဆု၊ နောက်တန်း အကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံး အားကစား သမားဆု၊ ရှေ့တန်းအကောင်းဆုံး …

Read More »

ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၂ ==========        ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကျင်းပပြုလုပ်သည်။  ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလူငယ် ရေးရာကော်မတီ ဥက္ကဌ ဦးမျိုးဆွေဝင်းက လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားသည့် အင်းအားစုတစ်ရပ် ဖြစ်ကာ အနာဂတ် ခေါင်းဆောင်များဖြစ်ကြောင်း၊ လူငယ်များကို မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကိုအကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာ စေရေးအတွက် လူငယ်ရေးရာ မူဝါဒအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ကိုလည်း အဖွဲ့ဝင်(၁၃)ဦးဖြင့်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီး အတွင်း လူငယ်ရေးရာအခန်းကဏ္ဍများနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီဝင်များ ဖွဲ့စည်းနိုင်ရေးနှင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်သွားကြရန် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့်ဂုဏ်ပြု ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၂ =================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့များအား ချီးမြှင့်ဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က ပဲခူးတိုင်းဒေသကြီး အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိမိတို့လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများနှင့်အတူ လက်နက်ခဲယမ်း များစွာ သိမ်းဆည်းရရှိခဲ့မှုအပေါ် ဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့သည်။           ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချီးမြှင့်ငွေကျပ်(၁၀၅) သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြု လက်ဆောင်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဂုဏ်ပြုငွေကျပ်(၅)သိန်း၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုငွေကျပ်(၅)သိန်းနှင့် …

Read More »

မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ထောက်ပံ့

ပဲခူး စက်တင်ဘာ ၁၁ =======================           ပဲခူးမြို့၊ ဥဿာမြို့သစ်(၉)ရပ်ကွက်၊ ပြည်ပစက်မှုနယ်မြေ၊ မြေကွက်အမှတ်(၂၈)ရှိ တရုတ်နိုင်ငံသား ပိုင် Melody Global စက်ရုံသည် စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၄၅)အချိန်က မီးလောင်မှုဖြစ်ပွားခဲ့သည်။           အဆိုပါ မီးလောင်ရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးငြှိမ်းသတ်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးမျိုးဝင်းနှင့်တပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။           မီးလောင်မှုဖြစ်စဉ်သည် ၎င်းစက်ရုံတွင်းရှိ ဖိနပ်အောက်ခံသရေပြား ပေါင်းခံစက်ရုံအတွင်း ဘွိုင်လာ အိုးမှ အပူလွန်ကဲ၍ ဝါယာလျော့ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး အမြန်ဆုံးမီးငြှိမ်းသတ်နိုင်ရေး မီးသတ် တပ်ဖွဲ့ဝင်များနှင့် တပ်ရင်း/တပ်ဖွဲ့များ စုစုပေါင်း(၆၀)ဦးတို့က မီးသတ်ယာဉ်(၈)စီး၊ အုပ်ချုပ်ယာဉ်(၁)စီး တို့ဖြင့် စုပေါင်းမီးငြှိမ်းသတ်ခဲ့ရာ နံနက်(၁၁)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။           …

Read More »

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သွေးလှူဒါန်းနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

ပဲခူး စက်တင်ဘာ ၁၀ =====================           ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုပေါင်းသွေး လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး များရှိ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း တပ်ဖွဲ့ဝင်(၄၇)ဦးမှ စုပေါင်းသွေးလှူဒါန်း နေမှု ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သွေးလှူဒါန်းနေသည့် တပ်ဖွဲ့ဝင် များအတွက် ထောက်ပံ့ငွေများအား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်ထံသို့လည်းကောင်း၊ သွေးလှူဒါန်းရာတွင် ကူညီဆောင်ရွက်ပေးကြသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများအား ဆေးရုံတာဝန်ရှိသူထံသို့လည်းကောင်း …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မီးငြှိမ်းသတ်ယာဉ်(၆)စီးအား လွှဲပြောင်းပေးအပ်

ပဲခူး စက်တင်ဘာ ၁၁ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ်ယာဉ်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၇၂၀)သန်းဖြင့် ဝယ်ယူခဲ့သည့် 6×6 Fire Fighting Vehicle (Water 2800 Gal & Foam 900 Gal)ပါ မီးငြှိမ်းသတ်ယာဉ် (၆)စီးအား ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မီးငြှိမ်းသတ်ယာဉ်များ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများအား နှစ်စဉ်ရန်ပုံငွေလျာထား ဝယ်ယူပေးလျက်ရှိကြောင်း၊ မီးသတ် စခန်းများတွင် လူအသင့်၊ ယာဉ်/စက်အသင့်၊ ဆီအဆင့်၊ ရေအသင့် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ အသက်ရှူအထောက်အကူပြုစက်ပစ္စည်းများ လာရောက်လှူဒါန်း

ပဲခူး စက်တင်ဘာ ၉ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက ဆေးရုံသုံး အသက်ရှူ အထောက် အကူပြုစက်ပစ္စည်းများ လာရောက်လှူဒါန်းခဲ့သည်။           ရှေးဦးစွာ အလှူရှင်ဒေါ်မြတ်သီတာက တိုင်းဒေသကြီးအတွင်းရှိ လိုအပ်သော အထွေထွေရောဂါကု ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် အသက်ရှူအထောက်အထောက်အကူပြုစက်ပစ္စည်းများဖြစ်သော (Aerospace Changfeng Medical MCM812A Ventilator) လာရောက်လှူဒါန်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ၎င်းနောက် အလှူရှင်မိသားစု များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ ကြသည်။           အဆိုပါ အသက်ရှုအထောက်အထောက်အကူပြုစက်ပစ္စည်းများဖြစ်သော (Aerospace Changfeng Medical MCM812A Ventilator)အား တိုင်းဒေသကြီးအတွင်းရှိ လိုအပ်သော အထွေထွေရောဂါကု ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Read More »

၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၈ ======================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက လူတိုင်းအတွက် ပညာရေးသီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးကြီးအပိုင်းတွင် ပါဝင်လျက်ရှိကြောင်း၊ စာတတ်မြောက်ခြင်းသည် လူသားအားလုံးအတွက် ပို၍တည်တံ့ခိုင်မြဲသော အနာဂတ်ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ စာမတတ်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမှား/အမှန် မခွဲခြားနိုင်ဘဲ အကြမ်းဖက်မှု၊ ပဋိပက္ခများနှင့် ဆင်းရဲမွဲတေမှုတို့ကို ဖြစ်ပေါ်စေနိုင်သည့် အကျိုးသက်ရောက် …

Read More »