Home / 2022 (page 8)

Yearly Archives: 2022

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၊ ကျေးလက်ဒေသ လူမှုစီးပွားဘဝများ မြှင့်တင် ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၂၈ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်၊ ကျေးလက်ဒေသ လူမှုစီးပွားဘဝများ မြှင့်တင်ပေး နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့၊ ဈေးပိုင်းရပ်ကွက်၊ မြို့လယ်လမ်းလွှဲ သစ်သားတံတား ရေတိုက်စား မှုကြောင့် ပြိုကျပျက်စီးခဲ့မှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ပြီး ဒေသခံ ပြည်သူများအတွက် အရေးပါသည့် စစ်တောင်းတူးမြောင်းဖြတ်သန်းသည့် တံတားဖြစ်၍ အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးနှင့် ဗေဒါပင်များ၊ ဒိုက်ပင်များအား ရှင်းလင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဈေးပိုင်းရပ်ကွက်၊ ဇဗ္ဗူရစ်လမ်းဘေး အရှည်(၇၇၀)ပေ၊ အကျယ်(၃)ပေ၊ အနက်(၄)ပေ အုတ်ရေမြောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေစီးရေလာ ကောင်းမွန်စေရေး မြေပြင်အနိမ့်အမြင့် သေချာတွက်ချက်၍ စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပြည် စက်တင်ဘာ ၂၇ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့၊ ပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်သော လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း (၈/၂၀၂၂) ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး သင်တန်းတက်ရောက်နေသည့် ဆရာ/ ဆရာမများ အတွက် စားစရိတ် ကျပ်သိန်း(၁၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကာ သင်တန်းသား ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ သဘာဝဓာတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံသို့ သွားရောက်ခဲ့ပြီး (၉.၈)မဂ္ဂါဝပ် …

Read More »

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) တက္ကသိုလ်ဝင် စာမေးပွဲ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၆ ====================           စာသင်ခန်းထဲတွင် တိုင်းပြည်၏ အနာဂတ်၊ မိဘများ၏ ရည်မှန်းချက်၊ ကျောင်းသားများ၏ မျှော်လင့်ချက် များရှိနေသည်ကို သတိပြုရမှာဖြစ်ကြောင်း ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ယနေ့ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ယင်းသို့ ပြောကြားသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေး ပေါ်တွင် မူတည်နေကြောင်း၊ စာသင်ခန်းထဲတွင် တိုင်းပြည်၏ အနာဂတ်၊ မိဘများ၏ ရည်မှန်းချက်၊ ကျောင်းသား များ၏ မျှော်လင့်ချက်များရှိနေသည်ကို သတိပြုရမှာဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် စာစစ်အတွေ့ အကြုံရှိတဲ့ ပဲခူးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများက ဘာသာရပ်အလိုက် မေးခွန်းပုံစံများ၊ အမှတ်ပေး …

Read More »

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်မြို့ဆန်အလှူရှင်အသင်းနှင့် ဒေသခံအလှူရှင်များစုပေါင်း၍ ပြည်မြို့၌ (၄၁)ကြိမ်မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပပြုလုပ်

ပြည် စက်တင်ဘာ ၂၄ ===============      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၂၄) ရက်နေ့ မွန်းလွဲပိုင်းက ပြည်မြို့၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သော တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်မြို့ဆန်အလှူရှင်အသင်းနှင့် ဒေသခံအလှူရှင်များစုပေါင်း၍ ပြည်မြို့၌ (၄၁)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက် လောင်းလှူခဲ့သည်။           ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန့်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿနာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာမဏပဏ္ဍိဘဒ္ဒန္တသေဋ္ဌိလထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က (၉)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »

မကြာမီ ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ထားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်လမ်းညွှန်မှာကြား

ပဲခူး စက်တင်ဘာ ၂၃  ===================           မကြာမီ ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်း၌ ကျင်းပပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ယင်းသို့ပြောကြားသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် တက်ရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ အကျိုးသက်ရောက်မှုကြောင့် ယခင်လာရောက်လည်ပတ်နေသည့် အခြားနိုင်ငံ ခြားသားများအပြင် ရုရှားနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ခရီးသွားများ လာရောက်လည်ပတ်ကြတော့ မည်ဖြစ်ကြောင်း၊ မကြာမီ မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီ ရောက်ရှိလာတော့မည်ဖြစ်၍ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် ရှေးဟောင်းယဉ်ကျေးမှု …

Read More »

တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)တောင်သူသင်တန်းအမှတ်စဉ် (၂/၂၀၂၂) အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

ပဲခူး စက်တင်ဘာ ၂၂ ===================        နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ စက်မှုလယ်ယာသင်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး)တောင်သူသင်တန်းအမှတ်စဉ်(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတွင် ယင်းသို့ ပြောကြားသည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်ခုဖြစ်၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာ စနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေးသည် လယ်ယာမြေပြုပြင်သည့်အဆင့်မှ စိုက်ပျိုးခြင်း၊ ရိတ်သိမ်း ခြင်း၊ ခြွေလှေ့ခြင်းနှင့် သိုလှောင်ခြင်းအဆင့်ဆင့်ကို စက်ကိရိယာများ သုံးစွဲလုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ စက်မှု လယ်ယာလုပ်ငန်းအကောင် …

Read More »

ပဲခူးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၁ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်များကြောင့်  အလုပ်လုပ်ကိုင်နိုင်သည့် အသက်(၂၀)မှ အသက် (၄၀)ကြား လူသားအရင်းအမြစ်များ ဆုံးရှုံးရလျက်ရှိကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး မီးပွိုင့်အသစ်များ တိုးချဲ့တပ်ဆင်ပေးခြင်း၊ မီးပွိုင့်အဟောင်းများ အဆင့်မြှင့်တင်ပေးခြင်း၊ လူသွားလမ်းပလပ်ဖောင်းများပြုလုပ်ပေးခြင်း၊ လမ်းလယ်စတီလက်ရန်းများ တပ်ဆင်ပေးခြင်း၊ ပန်းခုံများပြု လုပ်ပေးခြင်းနှင့် အနှေးယာဉ်လမ်းကြောင်းပြ အမှတ်အသားများ ပြုလုပ်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်ပွားမှု အများဆုံးသည် (၂)ဘီးတပ် မော်တော်ဆိုင်ကယ်များဖြစ်၍ မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်သူတိုင်း မော်တော်ဆိုင်ကယ်ဦးထုပ် စနစ်တကျတပ်ဆင်ရမည်ဖြစ် ကြောင်း၊ …

Read More »

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၀ =====================           အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းစဉ်များအား အားလုံးပူးပေါင်း ဆောင်ရွက်မှသာ ကောင်းမွန်ပြီး သာယာလှပသည့် ကမ္ဘာမြေကြီးကို အနာဂတ် မျိုးဆက်သစ်များဆီသို့ လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ယင်းသို့ ပြောကြားသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယနေ့ကမ္ဘာပေါ်တွင် စွမ်းအင်အရင်းအမြစ်များ၊ ဒြပ်ပစ္စည်းများ မဆင်မခြင် သုံးစွဲမှုများကြောင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် နေ့စဉ်ကြုံတွေ့နေရ ကြောင်း၊ အဓိကအားဖြင့် ကမ္ဘာ့အိုဇုန်းလွှာပျက်စီးမှုကို ထိန်းသိမ်းကာကွယ်နိုင်မှသာ သက်ရှိကမ္ဘာ ရေရှည်တည်တံ့ ခိုင်မြဲနိုင်မှာဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အတွက် ဆောင်ပုဒ်မှာ “၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး သက်ရှိတွေ ကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” အဖြစ်သတ်မှတ်ထားရပြီးဖြစ်သဖြင့် စာချုပ်ပါအချက်အလက်များအား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တောင်ငူခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

တောင်ငူ စက်တင်ဘာ ၁၉ =================          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ သပြေကုန်းကျေးရွာ၊ ဆိုလာစနစ်ဖြင့် ကျေးရွာရေရရှိရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုနှင့် သပြေတန်း-ထန်းကုန်း- ဇလုပ်ကြီး ကျေးရွာချင်းဆက်လမ်း အရှည် (၁.၅)မိုင် ကွန်ကရစ်ခင်းနေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ မှတ်ကြီးခုံ-ဇလုပ်ကြီးကုန်ထုတ်လမ်း ဆောင်ရွက်ပေး ရန်၊ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ကျေးရွာတွင်းလမ်းများ ဆောင်ရွက်ပေးရန်၊ အမြန်လမ်းဘေးရှိ လှေထိုးချောင်ကျေးရွာသွားလမ်း ကျောက်ရောမြေလမ်း(၁)မိုင် (၄)ဖာလုံ ခင်းပေးနိုင်ရေးဆောင်ရွက်ရန်၊ Mobile Solar စနစ်ဖြင့်စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက် ပေးရန်နှင့် ဒေသကြက်မွေးမြူနိုင်ရေး အသိပညာပေး ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် ရေတာရှည်မြို့နယ်၊အလက-ထန်းကုန်း စာသင်ကျောင်းသို့ သွားရောက်ခဲ့ပြီး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သနပ်ပင် စက်တင်ဘာ ၁၈ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ စက်တင်ဘာလ (၁၈)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင် မြို့တွင်းတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက တံတားတည်ဆောက်ရေးဆိုင်ရာ အချက် အလက်များအား တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၎င်းတံတား သည် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် တံတား တစ်ခုဖြစ်၍ စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။            အဆိုပါတံတားသည် အရှည်(၂၄၀)ပေ၊ အကျယ်(၄၀)ပေရှိ စစ်တောင်းတူးမြောင်းအား ဖြတ်သန်းတည်ဆောက်နေသည့် သံကူကွန်ကရစ် တံတား(၁)စင်းဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေဖြင့် …

Read More »