Home / 2023 / March / 22

Daily Archives: March 22, 2023

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူး မတ် ၂၂ =========== ပဲခူးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မတ်လ(၂၂)ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပဲခူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှု့အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား/သူများမှ (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နေမှုအား လှည့်လည် ကြည့်ရှု့အားပေးခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပဲခူးခရိုင်အဆင့် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲအား ပဲခူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲအား အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ပြီး …

Read More »