Home / 2023 / March / 16

Daily Archives: March 16, 2023

တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်း ချက် ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူး မတ် ၁၆ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၁၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်းချက် ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃) ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ဒေသအလိုက် စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အပေါ် အထူးအလေးထား အောင်မြင်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်ပြီး မြို့နယ်အလိုက် မြေပြင်ကွင်းဆင်းပြီး စိုက်ချိန် မှန်ကန်မှုရှိစေရေး၊ စိုက်ပျိုးသီးနှံ မှန်ကန်စေရေး တွန်းအားပေးဆောင်ရွက်ရန်နှင့် ကြဲခင်းစနစ်လျော့ချပြီး အစေ့ချစနစ်နှင့် ပျိုးထောင်စနစ်၊ ကောက်စိုက်စက်စနစ်များဖြင့်  တိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း အသိပညာပေးရန် လိုအပ်ကြောင်း၊ အထွက်နှုန်းကောင်းသည့် မျိုးသန့်မျိုးစေ့များအား …

Read More »