Home / 2023 / April

Monthly Archives: April 2023

ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဧပြီ ၂၅ ==================           ပဲခူးမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ဧပြီလ(၂၅)ရက်နေ့၊ မွန်းလွဲပိုင်းက စကောကရင် တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများအတွက် ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့ အနေဖြင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အထူးအလေးထားကာ နယ်မြေဒေသ လူမျိုးဘာသာမရွေး ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ရှေးယခင်ကတည်းက တိုင်းရင်သားပေါင်းစုံ ချစ်ခင် ရင်းနှီးစွာ စုပေါင်းနေထိုင်ကြပြီး အခြားတိုင်းရင်းသားများထက် ကရင်တိုင်းရင်းသားသည် …

Read More »

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်

ပဲခူး ဧပြီ  ၂၉ =============== ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး၏ စီးပွားရေးမျှော်မှန်းချက်အနေဖြင့် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)မှာ နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၁၁၈၄၂ ဒဿမ ၀၅၇ ဘီလီယံ အကောင်အထည်ဖော်ရန်နှင့် ပုံမှန်ဈေးနှုန်းအရ ၅ ဒဿမ ၅ ရာခိုင်နှုန်းတိုးတက်ရန်ရည်မှန်းထားကြောင်း ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေး ခန်းမ၌ ကျင်းပသည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားမှ သိရသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်နှင့်အညီ တိုင်းဒေသကြီးအတွင်း သာယာဝပြောရေး၊ စာရေရိက္ခာဖူလုံရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများအား ရေးဆွဲ အတည်ပြုပြီး၍ တာဝန်ပေးအပ်ခြင်းကို သာမန်လုပ်ရိုးလုပ်စဉ် သဘောမထားဘဲ …

Read More »

ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း

ပဲခူး ဧပြီ ၂၈ =============== ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူမည့် လုပ်ငန်းသုံးပစ္စည်းများ တင်ဒါခေါ်ယူနေမှုအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းဝါသီးနှံ ပန်းတိုင်အထွက် နှုန်းရရှိစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

ပြည် ဧပြီ ၂၃ =============== ပြည်မြို့၊ တည်ဆောက်ရေး(၂)၊ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၃)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ ဝါသီးနှံဆိုင်ရာ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်က မိမိတို့ တိုင်းဒေသကြီးအတွင်း ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်တို့တွင် ဝါသီးနှံစိုက်ပျိုးလျက်ရှိ မြေပြင်အနိမ့်အမြင့် ကွာခြားချက်ပေါ်မူတည်ပြီး ဝါသီးနှံ အမျိုးအစားနှင့် အထွက်နှုန်းများ ကွာခြားလျက်ရှိကြောင်း၊ မိရိုးဖလာ ဝါကြီး၊ ဒေသမျိုး ရွှေတောင်(၈)နှင့် ငွေချည်(၆)မျိုးတို့သည် တစ်ဧကအထွက်နှုန်း ပိဿာ(၆၀၀)ကျော်သာထွက်ရှိပြီ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန် ခက်ခဲကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်မှစ၍ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ ပံ့ပိုးကူညီ ဆောင်ရွက်မှုဖြင့် အထွက်နှုန်းကောင်းသည့် ရာကာ-၆၆၆ အား စံပြကွက်များဖြင့် ဖော်ထုတ်စိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် ပိဿာ(၁၁၀၀)ခန့်ထွက်ရှိခဲ့ပြီး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိခဲ့ကြောင်း၊ လာမည့် နှစ်တွင် ဝါစိုက်တောင်သူများအတွက် နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မေလ(၁)ရက်နေ့ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၂၈ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဧပြီလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော် ခန်းမ၌ မေလ(၁)ရက်နေ့တွင်ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ် အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ၊ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရအေဂျင်စီများ၊ တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ/အလုပ်ရုံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလုပ်သမား ဝန်ကြီးဌာန၊ …

Read More »

ကဆုန်လပြည့်၊ ဗုဒ္ဓနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် အနေကဇာတင် ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ညောင်ရေသွန်းလောင်းခြင်းနှင့် ဓမ္မသဘင်အခမ်းအနားများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်

ပဲခူး ဧပြီ ၂၇ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဧပြီလ(၂၆)ရက်နေ့၊ မွန်းလွဲ ပိုင်းက ကဆုန်လပြည့်၊ ဗုဒ္ဓနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် အနေကဇာတင်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ညောင်ရေသွန်းလောင်းခြင်းနှင့် ဓမ္မသဘင် အခမ်း အနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေလ(၃)ရက်နေ့၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ သည် ဘာသာရေးနှင့်ပတ်သက်သည့် နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပြီး ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ် ကြီးတွင် ပထမဆုံးအနေဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် သံဃာအပါး(၁၀၀၀)ဖြင့် အနေကဇာတင်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အစဉ်အလာတစ်ခုအနေဖြင့် နှစ်စဉ်ကျင်းပ သွားရန်လိုအပ်ကြောင်း၊ နံနက်ပိုင်းတွင် သဃာတော်အပါး(၁၀၀၀)နှင့် သီလရှင်အပါး (၁၀၀)အား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းမည်ဖြစ်၍ သီခြားဆွမ်းစားဓမ္မာရုံများ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ သံဃာ တော်များနှင့်သီလရှင်များ ကြို/ပို့ခြင်းများ စနစ်တကျဆောင်ရွက်ရန်နှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းကြည့်ရှာစစ်ဆေး

ပြည် ဧပြီ ၂၇ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ လိုက်ပါလျက် ဧပြီလ(၂၇)ရက်နေ့ နံနက်ပိုင်းက မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းကြည့်ရှာစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ မြို့မဈေးရုံများ ပြန်လည် အဆင့်မြှင့်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးရုံများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ကြမ်းခင်းကြွေပြား ခင်းရန်၊ လေဝင်လေထွက်ကောင်းမွန်စေရေးနှင့် စျေးအတွင်း ရေဝပ်မှုမရှိစေရေးဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ခေတ္တရာယဉ်ကျေးမှုရုံ ပြန်အဆင့်မြှင့်တင်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး မိုးရာသီမရောက်မီ အမိုးအကာများ ပြင်ဆင်ရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး စဉ်ဆက် မပြတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် နတ်တလင်းမြို့၊ မြို့မရပ်ကွက်အတွင်း ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် မြေနေအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး ခရိုင်မြို့ဖြစ်၍ ဝန်ထမ်းများ အဆင်ပြေသက်သာစွာ နေထိုင်နိုင်ရေး ဝန်ထမ်းအိမ်ရာအတွက် နှစ်အလိုက် ဘတ်ဂျက်လျာထားတင်ပြရန်၊ ဝင်/ထွက်လမ်းများ ကောင်းမွန်စေရေး …

Read More »

ဇီးကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း

ဇီးကုန်း ဧပြီ ၂၇ =============== ဇီးကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါခေါ်ယူနေမှုအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »

ကျောက်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း

ကျောက်ကြီး ဧပြီ ၂၇ =============== ကျောက်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါခေါ်ယူနေမှုအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »

ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း

ပဲခူး ဧပြီ ၂၇ =============== ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါခေါ်ယူနေမှုအား သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်————————-

Read More »