Home / 2023 / March / 28

Daily Archives: March 28, 2023

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း  တောင်ငူတပ်နယ် ဆေးရုံတက်လူနာများအား သွားရောက် ထောက်ပံ့ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မတ် ၂၈ တောင်ငူ ================             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် မတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူတပ်နယ် ဆေးရုံတက်လူနာများအား သွားရောက် ထောက်ပံ့ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်အတူ တောင်ငူမြို့နယ်၊ အမှတ်(၃)စစ်မြေပြင်ဆေးတပ်ရင်း၊ စစ်ဆေးရုံသို့ သွားရောက်ခဲ့ပြီး ဆေရုံတက် လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေနှင့် အစားအစာ များ ထောက်ပံ့ပေးအပ်ခဲ့သည်။               ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ တောင်ငူမြို့၊ အမှတ်(၂)ရပ်ကွက် ရှေးဟောင်းကျုံးဘေး အပန်းဖြေပန်းခြံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အလှပန်းပင်များအား ခေတ်မီ Landscaping …

Read More »