Home / 2023 / March / 13

Daily Archives: March 13, 2023

တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မတ် ၁၃ =====================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာကြီးပူးနွေးလာမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝ ဘေးန္တရာယ်များအားလုံးကို ကြိုတင်ကာကွယ်ခြင်း၊ သဘာဝဘေးဖြစ်ပွားစဉ် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ကူညီ ကယ်ဆယ်ခြင်းလု်ပငန်းများအပြင် သဘာဝဘေးဖြစ်ပွားပြီး ပြန်လည်နေရာချထားခြင်းများအား ပြည်သူနှင့် အတူတကွ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး အဖွင့်အမှာစကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး Video Clip …

Read More »