Home / 2023 / March / 08

Daily Archives: March 8, 2023

ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မတ် ၈ ===========          ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မတ်လ(၈)ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒီကနေ့သည် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးများအတွက် ဂုဏ်ယူစရာနေ့တစ်နေ့ဖြစ်ပြီး အမျိုးသမီးများ၏ အခွင့်အရေးများ၊ စွမ်းဆောင် နိုင်ရည်များနှင့် လူသားအကျိုးပြုမှုတွေကို အသိအမှတ်ပြုတဲ့နေ့လည်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိသည့် အမျိုးသမီးထုကြီးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ (၅၄.၉)သန်းခန့်တွင် အမျိုးသမီးပါဝင်မှုသည် (၅၂)ရာခိုင်နှုန်းဖြစ်၍ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ နယ်ပယ်နှင့် ကဏ္ဍစုံတွေမှာ အမျိုးသမီးများ၏ အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားနေသည်ကို တွေ့မြင်ရကြောင်း၊ အဲ့ဒီလိုကဏ္ဍစုံတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် …

Read More »