ဧပြီ ၇ ပဲခူး ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၆)ရက်နေ့၊ နံနက် ပိုင်းက ၂၀၂၃ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လု်ပငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးရိုးရာအစဉ်အလာမပျက် ကျင်းပသည့်ပွဲတော်များ ရာသီအလိုက်ရှိပြီး ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် အလေ့အထကောင်းများအတိုင်း ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ယိမ်းများနှင့် ပါဝင်ဆင်နွှဲ သူများအားလုံးကို ဌာနဆိုင်ရာ မဏ္ဍပ်များမှ နေ့စဉ်စတုဒီသာကျွေးမွေးခြင်းများအပြင် တိုင်းရင်းသားများအတွက် ရေကစား မဏ္ဍပ်နှင့် ရိုးရာအစားအစာများလည်း နေ့စဉ်ထည့်သွင်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း၊ သင်္ကြန် ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုမရှိစေရေး သက်ဆိုင်ရာဌာနများမှ စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆေးရုံများတွင် အရေးပေါ်ဌာနများ၌ လိုအပ်သည့်ဆေးဝါးများ ကြိုတင် ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ …
Read More » 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
				