Home / 2023 / April / 13

Daily Archives: April 13, 2023

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ် ==========

ပဲခူး ဧပြီ ၁၃ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး ၁၃၈၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား တိုင်းဒသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် မြို့မိမြို့ဖတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များနှင့် ဧည့်ခံယိမ်းအဖွဲ့တို့မှ စုပေါင်း၍ တိုင်းလုံးပြည့်လျှံ ပဲခူးသင်္ကြန် သီချင်း၊ မြူမှောင်ဝေကင်းသီချင်းတို့ဖြင့် ပြိုင်တူသံပြိုင်သီဆို ကပြဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး …

Read More »