Home / 2023 / April / 14

Daily Archives: April 14, 2023

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သင်္ကြန်အကျနေ့တွင် ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၌ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုများအား လှည့်လည်ကြည့်ရှုအားပေး

ပဲခူး ဧပြီ ၁၄ =============       ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည်   ဧပြီလ(၁၄)ရက်နေ့ သင်္ကြန်အကျနေ့ နံနက်ပိုင်းက အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ သင်္ကြန်အကျနေ့တွင် ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များတွင် ယိမ်းအဖွဲ့များကပြနေမှု၊ အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစား‌နေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် မိသားစုများ ၏ ရေကစားမဏ္ဍပ်သို့သွားရောက်ပြီး တပ်မတော်မိသားစုယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှု၊ ရေကစားနေမှု နှင့် စတုဒီသာကျွေးမွေးနေမှုများကို သွားရောက်ကြည့်ရှု့အားပေးပြီး တပ်မတော်မိသားစုဝင် ယိမ်းအဖွဲ့များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ တပ်ဖွဲ့ဝင်မိသားစု များက ဝန်ကြီးချုပ်ထံ ဂုဏ်ပြုပန်းခြင်း ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်သို့သွားရောက်၍ ဌာနဆိုင်ရာများ၏ ဖျော်ဖြေရေးယိမ်း အဖွဲ့များနှင့် ရပ်ကွက်အသီးသီးရှိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက သီဆိုကပြဖျော်ဖြေခြင်း၊ …

Read More »