Home / 2023 / April / 21

Daily Archives: April 21, 2023

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လစဉ် အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)သို့ တက်ရောက်

ပဲခူး ဧပြီ ၂၁ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး  ဆေးဝါးများလုံလောက်မှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိုင်ငံ့ ဝန်ထမ်း အငြိမ်းစားများအား သက်သာသောနှုန်းထားဖြင့် အခြေခံစားကုန် ဆန်နှင့်ဆီအား လစဉ်ရောင်းချ ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လစဉ် (၂၁)ရက်နေ့ ပင်စင်ထုတ်ရက်ရောက်တိုင်း နိုင်ငံ့ဝန်ထမ်းများအပြင် သက်ကြီးရွယ်အို အဘိုး/အဘွားများ၊ ရဟန်းသံဃာများ၊ သီလရှင်များကိုလည်း အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး လူနာတစ်ဦးလျှင် ဆေးဝါး(၁) လစာ လစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။           ထို့နောက် …

Read More »