Home / 2023 / June / 08

Daily Archives: June 8, 2023

ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၈ ========== ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)၊ ဗထူးလမ်းရှိ ကမ္ဘောဇဟင်္သာဟိုတယ်တွင် ဇွန်လ(၇)ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ကမ္ဘာတစ်ဝန်းလုံးမှာရှိသည့် နိုင်ငံအသီးသီးတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိသော မတော်တဆဖြစ်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခများနှင့် ကူးစက်ရောဂါကပ်ဘေးများတွင် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုကရုဏာလုပ်ငန်းများကို ချက်ခြင်း တုံ့ပြန်၍ ရှေးဦးပြုစုခြင်းလုပ်ငန်းများကို အထူးအလေးထား လုပ်ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိ ရကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မတော်တဆထိခိုက်ဒဏ်ရာရရှိသည့် လူနာများအတွက် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများကို အသင်းစတင်တည်ထောင်စဉ်ကတည်းက လူတိုင်းတတ်ထားအပ်သော ပညာရပ်များအဖြစ်ခံယူပြီး လူတိုင်းရှေးဦးပြုစုခြင်းပညာရပ်များဖြင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကြက်ခြေနီမောင်မယ်များအနေဖြင့် …

Read More »