Home / 2023 / June / 18

Daily Archives: June 18, 2023

တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိ

ပဲခူး ဇွန် ၁၈ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇွန်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချ နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ အရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဈေးဝယ်သူများ၊ ဈေးရောင်းချနေသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကား ပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံပြည်သူများ သက်သာသော နှုန်းထားဖြင့် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ရောင်းချပေးသည့် ဈေးဆိုင်များအား အမိုးအကာ များဖြင့် စနစ်တကျ ရောင်းချပေးနိုင်ရေး ဆောင်ရွက်ရန်၊ နေ့စဉ် …

Read More »