Home / 2023 / June / 25

Daily Archives: June 25, 2023

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် ဇွန် ၂၅ ======================           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဇွန်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်မြို့၊ မှော်ဇာကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ်(၁၂၂.၄)သန်းဖြင့် ကမ္ဘာ့ရှေးဟောင်းသမိုင်းဝင် သရေခေတ္တရာ ရှေးဟောင်းဇုံပတ်လမ်း (နဂါးတွန့်တံခါးပေါက်မှ ကျောင်းကုန်းကျေးရွာလမ်းပိုင်း) လမ်းတာဘောင်တိုးချဲ့ ခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လမ်းပိုင်း အလိုက် သတ်မှတ်စံချိန်နှင့်အညီ ဆောင်ရွက်ရန်၊ ကျေးရွာတွင်းလမ်းများ ပျက်စီးမှုမရှိစေရေးနှင့် ရေရှည် အသုံးပြုနိုင်ရေး ကျေးရွာအလိုက် လမ်းကော်မတီဖွဲ့စည်း၍ ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ရန်နှင့် လမ်းပေါ် ရေဝပ်မှုမရှိစေရေးနှင့် ရေသွင်းရေထုတ်ပြွန်ပေါက်များ ထည့်သွင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           …

Read More »

ပဲခူးတိုင်းဒေသကြီး(အနောက်) ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သော ကျောင်းသား/သူများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက် ဂုဏ်ပြုချီးမြှင့်

ပြည် ဇွန် ၂၄ =========================           ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ဇွန်လ(၂၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်) ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး(အနောက်) ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး(အနောက်) ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၅)ဘာသာ ဂုဏ်ထူးရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်ကလည်းကောင်း၊ (၄)ဘာသာဂုဏ်ထူးရရှိသူ ကျောင်းသား/သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးနှင့် …

Read More »