Home / 2023 / June / 04

Daily Archives: June 4, 2023

မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း အခြေခံ စက်ချုပ်သင်တန်း(၁/၂၀၂၃)နှင့် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်း သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၄ ================ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း အခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၃)နှင့် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်းသင်တန်းဖွင့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုစီးပွားနယ်ပယ် အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် ဒေသန္တရ စီမံကိန်းများရေးဆွဲထားရှိပြီးဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ရည်ရွယ်၍ အခြေခံစက်ချုပ် သင်တန်းနှင့် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းအပေါ် စိတ်ပါဝင်စားစွာ …

Read More »