ပဲခူး ဇွန် ၂၂ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သည် ဇွန်လ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတက္ကသိုလ်ဧရိယာအတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတက္ကသိုလ်အတွင်းရှိ Community Center and Gymnasium အဆောက်အဦများပတ်လည်တွင် အရိပ်ရပန်းအလှပင်နှင့် အဖိုးတန်သစ်မျိုး အစရှိသည့် သစ်ပင်များ စုပေါင်းစိုက်ပျိုးပေးခြင်းအားဖြင့် ရုက္ခဗေဒဘာသာရပ် သင်ကြားနေသည့် တက္ကသိုလ် ဆရာ/ ဆရာမများ၊ ဆည်းပူးလေ့လာနေသည့် ကျောင်းသား/သူများအတွက် အနီးကပ် ဆည်းပူးလေ့လာနိုင်စေရေး စိုက်ပျိုးပေးရခြင်းဖြစ်ကြောင်း၊ သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက် ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ပေးခြင်းသည် လူသားအကျိုး စီးပွားအပြင် နောင်အနာဂတ် အတွက် ကောင်းမွန်သော လူ့မှုဘဝပတ်ဝန်းကျင်ကို ပုံဖော်ပေးခဲ့ခြင်းဖြစ် ကြောင်း၊ ဟေဂစနစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း အဓိကဗဟိုချက်သည် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website