Home / 2023 / October / 04

Daily Archives: October 4, 2023

တိုင်းဒေသကြီး ဝန်ကြီးချုပ် ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုများ ကွင်းဆင်းကြည့်ရှု

ပဲခူး အောက်တိုဘာ ၄ =================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းသည် ကဏ္ဍပေါင်းစုံနှင့် ဆက်စပ်လျက်ရှိပြီး အလွှာအသီးသီးမှ လုပ်ငန်းမျိုးစုံ ပါဝင်နေသော ခရီးသွားလုပ်ငန်းရှိ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် နည်းပညာနှင့် လူသားအရင်းအမြစ် ကောင်းများ လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုများ တွင် MSMEလုပ်ငန်းများ အောင်မြင်ခြင်းသည် အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်ပြီး တစ်နိုင်ငံလုံး၏ စီးပွားရေး လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းကဏ္ဍအတွင်းရှိ …

Read More »