Home / 2023 / October / 16

Daily Archives: October 16, 2023

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးများအတွက် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ရိတ်သိမ်းနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ပဲခူး အောက်တိုဘာ ၁၆ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁၆) ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံစေရေး အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး ခေတ်မီနည်းစနစ်များဖြင့် ကုန်ထုတ်လုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အဓိကကျသည့် သီးနှံတစ်ခုချင်းအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးကို အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သက်လျင်အထွက်တိုး မျိုးကောင်းမျိုးသန့်ရရှိရေးကို အဓိကထား ဖြည့်ဆည်း ပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့ သည့် မိုးစပါးစိုက်ဧကများအတွက် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ရိတ်သိမ်းနိုင်ရေး စက်မှုလယ်ယာဦးစီးဌာနမှ စပါးရိတ်သိမ်းခြွေလှေ့စက်များ သက်ဆိုင်ရာ ဒေသသို့ ချက်ခြင်းရောက်ရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် …

Read More »