Home / 2023 / October / 18

Daily Archives: October 18, 2023

ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပဲခူးမြို့၊ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ သူအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၈ ==================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပဲခူးမြို့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သူအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးလျော့ချရေး ကမ္ဘာ့မူဘောင်ဖြစ်တဲ့ ဆန်ဒိုင်းမူဘောင်အရ အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်တွေကနေ ကြံ့ကြံ့ခံ နိုင်တဲ့ လူမှုအသိုင်းအဝန်းဖြစ်ရန်နှင့် ဘေးဒဏ်ခံနိုင်ရည်စွမ်း မြင့်မားတဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ကြရန်ဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မညီမျှမှုတွေ မရှိစေဖို့က အလွန်ပင်အဓိကကျတာကြောင့် ယခု ၂၀၂၃ ခုနှစ် အထိမ်းအမှတ်ဆောင်ပုဒ်ကို “ဘေးဒဏ်ကြံ့ကြံ့ခံ နိုင်ဖို့၊ မညီမျှမှုတွေ တိုက်ဖျက်စို့” ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ …

Read More »