Home / 2023 / October / 26

Daily Archives: October 26, 2023

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် အောက်တိုဘာ ၂၆ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ကမ်းနားလမ်း အဆင့်မြှင့်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဧရိယာအတွင်း ကျူးကျော်နေထိုင်မှုမရှိစေရေး၊ ကမ်းနားလမ်း တစ်လျောက် သန့်ရှင်းသာယာ လှပစေရေးနှင့် မြေထိန်းနံရံကြံ့ခိုင်မှုများ စဉ်ဆက်မပြတ် စစ်ဆေးဆောင် ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နတ်တလင်းမြို့၊ မြို့မစျေးကြီးအတွင်း စျေးရုံအသစ် ဆောက်လုပ်နေမှုနှင့် စျေးရုံအဟောင်းများ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လေဝင်လေထွက်ကောင်းမွန်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ အောက်ခံမြေသား အမာခံရရှိရေး ဆောင်ရွက်ရန်၊  စျေးရုံအဟောင်းရှိ အမိုးများ အသစ်လဲလှယ်ရန်နှင့် ဆေးသုတ်ခြင်းလုပ်ငန်း တစ်ပါတည်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ မင်းလှမြို့နယ်၊ စာနီစုကျေးရွာ၊ …

Read More »