Home / 2023 / October / 08

Daily Archives: October 8, 2023

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေကြီးနစ်မြုပ်သည့်ရပ်ကွက်များနှင့် ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သညများဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ပဲခူး အောက်တိုဘာ ၈ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတပ်မမှူးတို့နှင့်အတူ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း ရေကြီးနစ်မြုပ်သည့် ရပ်ကွက်များနှင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို့အတွင်း မြေနိမ့်ရပ်ကွက်များဖြစ်သည့် မြို့သစ်(င)ရပ်ကွက်နှင့် ကျောက်ကြီးစုရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုအခြေအနေများနှင့် နယ်မြေခံတပ်မတော်သားများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အနောက်ရွှေနံ့သာဘုန်းတော်ကြီးကျောင်း၊ ကလျာဏီသိမ်ကျောင်းနှင့် ဒက္ခိဏသာခါရာမကျောင်းတိုက်များရှိ ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှု တို့အား သွားရောက်ကြည့်ရှုခဲ့ပြီး ရေဘေးသင့်ပြည်သူများ စားသောက်နိုင်ရေး ဆန်၊ ဆီ၊ အသား၊ ငါး၊ ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် ဟင်းသီးဟင်းရွက်များ ထောက်ပံ့ ပေးအပ်ခဲ့သည်။           …

Read More »