ပဲခူး အောက်တိုဘာ ၁၇ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၁၇)ရက်နေ့၊ နံနက် ပိုင်းက ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအား ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရေး တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးရိတ်သိမ်းနေမှုအား သွားရောက် ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရှမ်းရွာကြီးကျေးရွာအုပ်စုသို့ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည် မိုးစပါးစိုက်ဧကများ ထိခိုက် ပျက်စီးမှုလျော့နည်းစေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး DY-6 ရေပေးမြောင်းမကြီးမှ ရေသွယ်မြောင်း ဖောက်လုပ်နိုင်ရေး တွက်ချက် တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေး စကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ကလိကျေးရွာအုပ်စု၊ ဥဿာစိုက်ပျိုး …
Read More »