ပဲခူး ဇန်နဝါရီ ၁၁ ============== ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာ၌ ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်ပိုင်းက ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ဖားစည်(၉)ချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတို့အား အလံတိုင်ထိပ်သို့လွှင့်ထူကာ အခမ်းအနားတက်ရောက်လာကြသူများက အလေးပြုကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးနေ့အား ကြိုဆိုသောအားဖြင့်အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ညောင်အင်းကျေးရွာ ဒုံးအဖွဲ့က “စည်းလုံးချင်းသည်အင်အား” သီးချင်းဖြင့်လည်းကောင်း၊ သရက်ကုန်းကျေးရွာဒုံးအဖွဲ့က “နှစ်ဦးပန်းများမွှေးပါစေ”သီချင်း၊ “လေလေ”ဒုံးအကဖြင့်လည်းကောင်း အသီးသီး ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website